iOS 7 တင်ထားသော ဖုန်းအဟောင်းအား လာရောင်းသည်ဖြစ်စေ မိမိဝယ်လိုသည်ဖြစ်စေ
သင်ဝယ်ယူမည်ဆိုပါက ထိုဖုန်းအဟောင်းတွင် Apple အကောင့် ဝင်ထားလျှက်ရှိနေလားဆိုတာ သေချာစစ်ဆေးပြီးမှ ဝယ်ယူကြပါ
Apple အကောင့်ရှိနေပါက ထိုဖုန်းအားဖော်မက်ချလို့မရပါ ထိုအကောင့်၏ Password အားတောင်းပါလိမ့်မည် ။
iTunes ဖြင့် iOS ဖန်ဝဲပြန်တင်မည်ဆိုပါကလဲ မရပါ ထိုရှိနေသော အကောင့်ရဲ့ Password အား တောင်းပါလိမ့်မည် ။
ထို့ကြောင့် iOS 7 တင်ထားသောဖုန်းအဟောင်းအား
ဝယ်တော့မည်ဆိုပါက ဖုန်းစက်တင်ထဲမှာရှိနေသော ထိုApple မကောင့်အား
လော့အောက်လုပ်၍ ဖျက်ပြီးမှသာ ဝယ်ယူကြပါရန် ။
တခြားနေရာက Apple ID တွေကို ကိုယ်တိုင်နှိပ်ယုံနဲ့ Logout ဖြစ်သွားတဲ့နေရာတွေပါ ။
iOS 7 မှာ သတိထားရမယ်ဆိုတဲ့
နေရာအကောင့်ကတော့ iCloud ထဲက အကောင့်ပါပဲ Logout လုပ်ရင် Pass
တောင်းပါလိမ့်မယ် Pass မသိရင် Logout လုပ်မရသလို ဖုန်းကိုလဲ
ဘာမှပြင်ဆင်ခွင့်မရပါဘူး ။
သင်
ဖုန်း Settings >>> iCloud ထဲက Find My iPhone ကို Off နှိင်
Delete Account လုပ်နိုင်မှသာလျှင် သင်ဖုန်းကို ပြင်ဆင်ခွင့်ကို
ပိုင်ဆိုင်နိုင်မှာပါ ။
(( ထိုအကောင့်ကို ဖျက်နိုင်ဖို့ရန် အင်တာနက်ရှိဖို့လိုပါတယ် ))
iPhone ကောက်ရသူ ခိုးသူများ ရောင်းချမရအောင် Apple မှ iOS7 တွင် ထိန်းချုပ်ပေးလာခဲ့ခြင်းပါ။
လက်ရှိတွင် Apple အကောင့်ရှိနေသော iOS 7 အား အကောင့် Password
မသိပဲ အသစ်တဖန်ရရှိဖို့ရန် Restore လုပ်ဖို့ရန်
ဖောက်ထွင်းနိုင်ခြင်း မရှိသေးပါ ဝယ်မိပါက အလှကြည့်ဖို့ရန်သာ
ရှိပါတယ် ။
Post By : Djjoe Man (MMF)

No comments:
Post a Comment