Friday, December 7, 2012

iphone,ipod,ipad for how to backup


iOS 6 ဟာ over-the-air (OTA) ကို အသုံးပြုပြီး Apple က ဖြန့်ချိပေးတဲ့ ပထမဦးဆုံး full iOS update ဖြစ်ပါတယ်။  iOS 6 မှာ အဆင့်မြှငထားတဲ့ iCloud စနစ်ပါဝင်လာပြီး ၎င်းဟာလက်ရှိ iOS ထုတ်ကုန်တေအတွက် update ပြုလုပ်တဲ့အခါ ပိုမိုလျင်မြန် လွယ်ကူစွာ ပြုလုပ်စေသလို ထုတ်ကုန်သစ်များကို ပြောင်းလဲ အသုံးပြုတဲ့အခါမှာလည်း အဆင်ပြေ ချောမွေ့စေပါတယ်။ ဒါပေမဲ့ သိုလှောင်မှုစနစ်မှာ ပြဿနာဖြစ်ပေါ်ခြင်း၊ ပါဝါနဲ့ ချိတ်ဆက်မှုများတွင် ချို့ယွင်းမှုဖြစ်ခြင်း စသည်တို့ ဖြစ်ပေါ်တဲ့အခါမှာ ဖိုင်ပျက်စီးမှု ဖြစ်ပွားနိုင်ပါတယ်။
သုံးစွဲသူအချို့ဟာ ၎င်းတို့ရဲ့ မိသားစု ဓာတ်ပုံများ၊ အလုပ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများစတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို မပျက်စီး မဆုံးရှုံးစေဖို့အတွက် backup များစွာ ပြုလုပ်ထားခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ ဆိုလိုတာက backup တွေကို local copy အပြင် iCloud မှာ သိမ်းဆည်းထားသင့်သလို PhoneView လိုမျိုး app တွေနဲ့လည်း backup လုပ်ထားသင့်ပါတယ်။
iPhone, iPod နှင့် iPad ကို iCloud တွင် backup ပြုလုပ်ခြင်း

အသုံးပြုသူ အနေနဲ့ iCloud မှာ log in ဝင်ပြီးတဲ့အခါမှာ iCloud ဟာ Wi-Fi ကွန်ရက်တစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ iPhone, iPod touch နဲ့ iPad တို့ကို power source တစ်ခုမှာ တပ်ဆင်ထားတဲ့အခါတိုင်း အလိုအလျောက် backup ပြုလုပ်ပေးပါတယ်။ iCloud backup ဟာ စွမ်းအင် လိုအပ်တဲ့အတွက် backup ပြုလုပ်နေစဉ်မှာ အားသွင်းဖို့ လိုအပ်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ပမာဏ များပြားတဲ့ အချက်အလက်တွေကို လွှဲပြောင်း ပေးရခြင်း ဖြစ်သည့်အတွက် Wi-Fi လိုအပ်ရခြင်း ဖြစ်ပါတယ်။
iCloud backup ကို manual အသုံးပြုခြင်း
အကယ်၍ iCloud backup ကို manual အနေနဲ့ အသုံးပြုလိုပါက အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။
(၁) Settings app ကိုဖွင့်ပါ။
(၂) iCloud ကိုနှိပ်ပါ။
(၃) Storage & Backup ကိုနှိပ်ပါ။
(၄) အောက်ဘက်နားမှာရှိတဲ့ Back Up Now ကိုနှိပ်ပါ။ Backup  ကြာမြင့်ချိန်ကတော့ Wi-Fi  ကွန်ရက်ရဲ့ အမြန်နှုန်းနဲ့ backup လုပ်မယ့် အချက်အလက် ပမာဏအပေါ် မူတည်ပါတယ်။iPhone, iPod နှင့် iPad ကို iTunes ဖြင့် backup ပြုလုပ်ခြင်း
(၁) Backup ပြုလုပ်မယ့် iDevice (iPhone, iPod, iPad) ကို ကွန် ပျူတာမှာ တပ်ဆင်ပါ။
(၂) iTunes ကိုဖွင့်ပါ။
(၃) အကယ်၍ iCloud ကိုအသုံးပြုထားတယ် ဆိုရင်တော့ sync setting အားလုံးကို de-select လုပ်ပါ။
(၄) Navigation bar မှာရှိတဲ့ device ရဲ့အမည်ပေါ်မှာ right-click နှိပ်ပြီး Backup ကို နှိပ်ပါ။
PhoneView ကို အသုံးပြုပြီး manual backup ပြုလုပ်ခြင်း
အကယ်၍ device မှာ passcode ခံထားခဲ့မယ်ဆိုရင် PhoneView နဲ့ manual backup မပြုလုပ်မီ iPhone ကို unlock လုပ်ပြီး Home Screen အနေအထားနဲ့ တပ်ဆင်ရပါမယ်။
(၁) iDevice ကို Mac မှာတပ်ဆင်ပြီး Phone View app ကိုဖွင့်ပါ။
(၂) Archive ကိုနှိပ်ပါ။
iCloud backup မှ restore ပြုလုပ်ခြင်း
iOS 6 ထုတ်ကုန်သစ်တစ်ခုကို Setup Assistant ကနေ အသုံးပြုတဲ့ အခါ “Restore from iCloud Backup” ကိုရွေးချယ်ပြီး iCloud account နဲ့ password ကို ထည့်သွင်းခြင်းဖြင့် restore ပြုလုပ်နိုင်ပါတယ်။ Restore လုပ်တဲ့အခါမှာ device တစ်ခုချင်းစီရဲ့ လတ်တလော ပြုလုပ်ထားတဲ့ backup တွေကို တွေ့မြင်ရပါမယ်။ နှစ်သက်ရာ backup ကို ရွေးချယ်ပြီး restore လုပ်နိုင်ပါတယ်။
Restart ပြီးသွားတဲ့အခါမှာတော့ setting များနဲ့ account များကို restore ပြုလုပ်ပြီး ဝယ်ယူထားတဲ့ သီချင်း၊ တီဗီရှိုးများ၊ app များ၊ စာအုပ်များ၊ Camera Roll နဲ့အခြား content တွေကို download ပြုလုပ် ပေးပါလိမ့်မယ်။ Restore ပြုလုပ်စဉ်မှာ တူညီတဲ့ app ဗားရှင်းကို download ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အကယ်၍ အဆိုပါ ဗားရှင်းကို အထောက်အပံ့ မပေးတော့ပါက app ရဲ့နောက်ဆုံးဗားရှင်းကို restore ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
iTunes backup မှ restore ပြုလုပ်ခြင်း
iTunes မှာ ပြုလုပ်ထားတဲ့ backup ကို restore ပြုလုပ်လိုတဲ့ အခါမှာ ပုံမှန် sync ပြုလုပ်နေကျအတိုင်း iOS device ကိုကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ပြုလုပ်နိုင်ပါတယ်။
(၁) Navigation bar မှာရှိတဲ့ iOS device ရဲ့အမည်မှာ right-click နှိပ်ပြီး Restore from Backup ကို ရွေးချယ်ကာ ပြုလုပ်နိုင်ပါတယ်။
(၂) အကယ်၍ iOS device သစ်ကို restore ပြုလုပ်မယ်ဆိုပါက အဆိုပါ device ကို iTunes နဲ့ချိတ်ဆက်ပြီး restore from backup
option မှ backup ကိုရွေးချယ်ပြီး restore လုပ်နိုင်ပါတယ်။

သုံးသပ်ချက်
စာဖတ်သူရဲ့ အချက်အလက်တွေဟာ တန်ဖိုးမဖြတ်နိုင်လောက်အောင်ကို အရေးပါလှပါတယ်။ ဒါကြောင့် iCloud နဲ့ backup ပြုလုပ်ခြင်း၊ iTunes နဲ့ backup ပြုလုပ်ခြင်း စတာတွေကို နေ့စဉ်ပြုလုပ်ထားသင့်ပါ တယ်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းအတွက် အချက်အလက် ဆုံးရှုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာတဲ့ အခါမှာ အခက်အခဲ မရှိဘဲ အချက်အလက်တွေကို အလွယ်တကူ ပြန်လည် ရယူနိုင်စေမှာ ဖြစ်ပါတယ်။
 ---း ဒီ post လေးကိုမြန်မာမိုဘိုင်းမှကူးယူဖော်ပြလိုက်ခြင်းဖြစ်ပါတယ်-----

Wednesday, August 15, 2012

ခရမ်းချဉ် သီးရောင်းတဲ့ သူဌေးကြီး


အချက်အလက်တွေဖြည့်ရမယ်.. ပြီးရင် မင်း အလုပ် စ၀င်နိုင်မဲ့ရက်ကို ဖြည့်ပြီး
 တို့ဆီကို ပြန်ပို့လိုက် ” လို့ ပြောပါတယ်..

ကောင်လေးက “ကျွန်တော့်မှာ ကွန်ပျူတာမရှိပါဘူးခင်ဗျာ..သုံးလဲ မသုံးတတ်ပါဘူး.. ပြီးတော့ အီမေလ်းလိပ်စာလဲ မရှိပါဘူး” လို့ ပြန်ပြော လိုက်ပါတယ်..
“အေး .. ဒါဆိုရင်တော့ ၀မ်းနည်းပါတယ်ကွာ.. မင်းမှာ အီးမေလ်းလိပ်စာလေး တစ်ခုတောင် မရှိဘူးဆိုတဲ့ သဘောက မင်းလဲ ဒီကမ္ဘာမှာ မရှိဘူး ဆိုတဲ့
သဘော ဘဲကွာ…. ဒီကမ္ဘာလောကကြီးမှာ မရှိတဲ့ လူတစ်ယောက်ကို တို့ကုမ္ပဏီက အလုပ်ခန့်ဖို့ ရည်ရွယ်ချက် မရှိပါဘူး.. မင်း သွားလို့ ရပါပြီ..” လို့
မန်နေဂျာက သူ့ကို ပြောလိုက်ပါတယ်..ကောင်လေးက စိတ်ပျက် အားငယ်စွာ၊ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ မိုက်ကရိုဆောဖ့် ကုမ္ပဏီကြီးကနေ ထွက်ခွာလာပါတယ်..
 သူ့လက်ထဲမှာလည်း ၁၀ တန် ဒေါ်လာ တစ်ရွက်သာ ရှိပါတယ်.. ဒီငွေနဲ့ သူ့ဘ၀ ဘယ်လိုများ ရှေ့ဆက်ရပ်တည်ရမှာပါလိမ့်.. လမ်းလျှောက်နေရင်း အတန်ကြာ
သူ စဉ်းစား နေမိပါတယ်..

ဘာဆက်လုပ်ရမလဲ……စဉ်းစားလို့ရသွားပြီဖြစ်တဲ့သူ… သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ အတူ စူပါ မားကက်ကို သွားပါတယ်…. အဲဒီမှာ ခရမ်းချဉ်သီး ၁၀ ကီလိုဂရမ်ပါတဲ့
 တစ်သေတ္တာကို ၀ယ်လိုက် ပါတယ်.. ပြီးတော့ တစ်အိမ်တက်ဆင်း အိမ်တွေမှာ လိုက်လံရောင်းချပါတယ်.. မယုံနိုင်စရာ ၂နာရီမပြည့်ခင်လေးမှာ သူ့ငွေက
၂ဆ ဖြစ်သွားခဲ့ပါပြီ.. ၃ကြိမ်မြောက် ၀ယ်ယူပြီး ပြန်ရောင်းချလို့ အကုန်မှာ ဒေါ်လာ ၆၀နဲ့ အတူ အိမ်ကို ပြန်နိုင်ခဲ့ပါတယ်..

ကောင်လေး ကောင်းမွန်စွာ သဘောပေါက်သွားခဲ့ပါပြီ… သူ့ဘ၀ရပ်တည်ရေးအတွက် ဒီနည်းနဲ့ သူ လုပ်ဆောင်နိုင်တယ် ဆိုတာ ကောင်းကောင်း နားလည်သွားပြီ..
မနက်တိုင်း မနက်တိုင်း စောစောစီးစီး ထတယ်… ဆိုင်မှာ ခရမ်းချဉ်သီး မှအစ စားသောက်ဖွယ်ရာတွေ ၀ယ်ပြီး အိမ်တိုင်းကို လိုက်လံရောင်းချတယ်.. ညနက်မှ အိမ်ပြန်
ရောက်တယ်.. ဒီလိုနဲ့ သူ့ငွေတွေဟာ နေ့တိုင်းနေ့တိုင်းကို ၂ဆ ၃ဆ တိုးပွားလာပါတယ်..မကြာခင်မှာဘဲ… တွန်းလှည်းလေး တစ်စီးကို ၀ယ်ယူနိုင်ခဲ့ပြီ……. ထို့နောက်တော့
 ထရပ်ကားတစ်စီး….. ထို့နောက် မှာတော့ စားသောက်စရာတွေကို တင်ဆောင် ဖြန့်ချီ ရောင်းချနိုင်တဲ့ ကိုယ်ပိုင်ယာဉ် အုပ်စုလိုက်ကို ပိုင်ဆိုင်သွားခဲ့ပါပြီ….

၅နှစ်အကြာမှာ… အဲဒီကောင်လေးဟာ အမေရိကားရဲ့ အစားအသောက် လက်လီရောင်းချတဲ့ အကြီးဆုံး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်လာ ပါတော့တယ်… ချမ်းသာလာတဲ့
ကောင်လေးဟာ သူ့မိသားစု နောင်ရေးအတွက် အသက် အာမခံထားဖို့ ဆုံးဖြတ်လိုက်ပါတယ်..

သူဟာ အသက်အာမခံ လုပ်ငန်းက ကိုယ်စားလှယ် တစ်ဦးကို ခေါ်ယူတွေ့ဆုံပြီး စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို မေးမြန်းစုံစမ်းပါတယ်.. စကားပြောဆို စုံစမ်းလို့
 ပြီးတဲ့အခါမှာ… ကိုယ်စားလှယ်က သူဌေးကို အီမေလ်းလိပ်စာ တောင်းပါတယ်.. သူဌေးက “ကျုပ်မှာ ဘာအီမေလ်းလိပ်စာမှ မရှိပါဘူး.. ကွန်ပျူတာလဲ မသုံးတတ်ပါဘူး”
လို့ပြန်ပြောတယ်..

ကိုယ်စားလှယ်က အံ့အားသင့်တဲ့လေသံနဲ့ သူဌေးကို မေးပါတယ်… “ခင်ဗျားမှာ အီမေလ်း လိပ်စာမရှိ၊ ကွန်ပျူတာ မသုံးတတ်ဘဲနဲ့တောင် ဒီလောက် အောင်မြင်တဲ့
စီးပွားရေး အင်ပါယာကို တည်ထောင် ထားနိုင်တယ်နော်.. ခင်ဗျားမှန်းကြည့်စမ်းပါ…. တကယ်လို့ ကွန်ပျူတာကို ကျွမ်းကျွမ်း ကျင်ကျင်လဲ သုံးတတ်မယ်… လူတိုင်းနဲ့
ဆက်သွယ်လို့ရမဲ့ အီမေလ်း လိပ်စာလဲရှိခဲ့မယ် ဆိုရင် ခင်ဗျား ဒီထက်ကို ဘယ်လောက် အောင်မြင် ကြီးကျယ်လာမလဲလို့….”သူက ခနတော့စဉ်းစားလိုက်ပြီး
အဖြေပြန်ပေးလိုက်ပါတယ်..

“ကျုပ်သာ ကွန်ပျူတာ တတ်မယ်..အီမေလ်းလိပ်စာသာရှိခဲ့မယ်ဆိုရင် ခုချိန်မှာ မိုက်ကရိုဆောဖ့်ကုမ္ပဏီမှာ ရုံးအကူဘ၀နဲ့ ရှိနေပါလိမ့်မယ်” တဲ့ဒီ story လေးက ပေးချင်တဲ့
 သင်ခန်းစာလေးကတော့ လူတွေ အရူးအမူး ဖြစ်နေကြတဲ့ အင်တာနက်တို့ ကွန်ပျူတာတို့ဆိုတာဟာ ဘ၀ရဲ့ အခက်အခဲ မှန်သမျှကို ဖြေရှင်းပေးနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး
… အထူးသဖြင့် ကျွန်တော်တို့ မြန်မာပြည်က လူငယ်လေးတွေမှာ လူတိုင်းလူတိုင်း ကွန်ပျူတာ အင်တာနက် ဆိုတာ ပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း နည်းပါးလွန်း နေပါသေးတယ်..
 ဒီလိုလူတွေ အားမငယ်ကြဖို့ ဒီပို့စ်လေးကို တွန်းအားလေးတစ်ခု အနေနဲ့ ဘာသာ ပြန်ဖြစ်ပါတယ် အင်တာနက်၊ ကွန်ပျူတာ တို့နဲ့ အလှမ်းဝေးနေသေးရင် ကိုယ်နဲ့ နီးစပ်ရာ၊
 ဖြစ်နိုင်ချေရှိတဲ့ အလုပ်တွေမှာ ကြိုးကြိုးစားစား လုပ်ကိုင်မယ်ဆိုရင် ချမ်းသာနိုင်တဲ့ အခွင့် အလမ်းတွေ ရှိနေပါသေးတယ်.. အခွင့်အလမ်းကိုတော့ မြင်တတ် တွက်တတ် ရပါမယ်.
. ကြီးပွားချင်တဲ့ စိတ်ရှိဖို့ရယ်.. ကြိုးစားချင်တဲ့ စိတ်ရှိဖို့ရယ် အဓိက ကျပါတယ်…. ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစား ကြည့်ကြပါလို့ တိုက်တွန်း လိုက်ပါရစေဗျာ….။ ။

illustrator cs 2

ကဲအခုတင်ပေးမှလေးကတော့ ဒီဇိုင်းသမားတွေအတွက်အထူးစပယ်ရှယ် အရမ်းကောင်းတယ်လို့တော့
မပြောဘူးနော် ကျွှမ်းကျင်ရာလိမ္မာရာပါ အသုံးပြုပုံလေးကိုတော့ pdf file လေးနဲ့တင်ထားပေးပါတယ်
အင်္ဂလိပ်လိုရော မြန်မာလိုရောနှစ်မျိုးတင်ပေးထားပါတယ် pdf ဖိုင်လေးတွေကိုတော့အောက်မှာတင်ပေးထားပါတယ် ကျွှန်တော်ဆိုက်လေးကတော့နာမည်မရှိပါဘူး မိတ်ဆွေတို့မျက်စိလည်ပြီးရောက်လာခဲ့မယ်ဆိုရင်တော့ လိုအပ်တာလေးတွေရှိရင်ယူသွားပါ အဆင်မပြေတာရှိရင်လဲအကြံပေးပါ လွတ်လပ်စွာဖြင့် cbox and commend မှာရေးသွားနိုင်ပါတယ်။

illustrator အားဒေါင်းပါ
pdf အားဒေါင်းပါ

Monday, July 2, 2012

kaparsky antivirus 2012

kaparsky antivirus 2012 လေးပါ computer တစ်လုံးမှာမရှိမဖြစ်လိုအပ်နေတာကတော့ scen virus ဆိုတာပါပဲ နေ့စဉ်နဲ့အမျှ internet သုံးမယ် USB သုံးမယ် အခွေတွေသုံးမယ်ဆိုရင် ဘယ်နည်းနဲ့မဆို virus ဆိုတာ နဲ့ကြုံတွေရမှာပါ အဲ့အတွက်ကြောင့် ကျွှန်တော်လဲလက်လှမ်းမိသလောက် ကူညီရာလဲရောက်အောင်ဆိုပြီး ကျွှန်တော်မှာရှိနေတဲ့ လက်ရှိနာမည်ရနေတဲ့ kaparsky လေးကိုပြန်ပြီး share ပေးလိုက်ရပါတယ် အရင်လင့်တွေသေကုန်ပြီဆိုလို့ အသစ်တင်ပေးလိုက်ပါတယ် ရက်ပေါင်း 90 ရပါတယ် key number လေးထည့်ပေးထားပါတယ် လိုအပ်ရင်ဒေါင်းသွားလိုက်ပါ ..အဆင်မပြေရင်တော့ comment လေးချန်သွားလိုက်ပါနော်..

download  နိပ်ပါ
key   QCGUH-J8FF6-33WGA-UBY62

INTERNET DOWNLOAD MANAGER 6.11.v8

ကျွှန်တော်လဲဗျာကျွှန်တော်ဆိုဒ်လေးကိုပြစ်ထားလိုက်တာတော်တော်ကြာသွားတယ် လွမ်းရေးထက် ဝမ်းရေးခက်တယ်ဆိုသလိုပေါ့ ကိုယ်ရုံးကန်နေရတဲ့သူတစ်ယောက်ဆိုတော့ ကိုဝါသနာပါတဲ့ဆိုက်လေးကို မလည့်ဖြစ်ဘူး အခုတော့အလုပ်ကအထိုင်နဲနဲကျသွားပြီဆိုတော့ နောက်ဆိုရင် sorftware တွေနည်းပညာတွေ ကျွှန်တော်လေ့လာထားသလောက်ပေါ့နော် တင်ပေးသွားမှာပါ အခုတော့ စကားမဆက် မိတ်ဆွေအချို့ပြဿနာတက်နေတဲ့ download manager ဆိုတာလေးကို update နောက်ဆုံးဗားရှင်းလေးကိုတင်ပေးလိုက်တယ်နော် patch  file လေးကိုပါတခါတည်းထည့်ပေးလိုက်တယ် patch file လေးကို ထည့်နည်းလေးကတော့သိပြီးသားဖြစ်လိမ့်မယ်ထင်လို့မရေးပေးတော့ဘူးနော် အဆင်မပြေရင်တော့ စာလေးတွေချန်သွားပေးပါခင်ဗျာ...။

download နိပ်ပါ

Monday, April 23, 2012

Computer Basics

ဒါလေးကတော့ မြန်မာပြည်မှာဝယ်မယ်ဆိုရင်  ၃ထောင်လောက်ပေးရတယ် computer ကိုစကိုင်မဲ့သူတွေ
အတွက်ရော လေ့လာချင်တဲ့သူတွေအတွက်ရော ဆောင်ထားသင့်တဲ့စာအုပ်လေးပါ ပညာဒါနလှူပေးနေတဲ့သူ
တွေ အပင်ပန်းခံပြီး scen ဖက်ထားပေးတာ လေးကို ကျွှန်တော်ပြန်ပြီး မျှဝေလိုက်တာပါ...ဖိုင်ဆိုက်ကလဲ
သိပ်မများပါဘူး 15 MB ပဲရှိတယ် လိုအပ်သူများယူကြပါ။

ဒေါင်းလုပ်ဆွဲ၇န် download

Laptop ပြုပြင်နည်းနှင့်သိသင့်စရာများ

ဒီစာအုပ်လေးကတော့ laptop သမားတွေ အတွက် အသုံးဝင်မယ်လို့ထင်လို့ပြန်ပြီး ၇ှယ်လိုက်ပါတယ်။မိမိစက်ကို ဘယ်လိုထိမ်သိမ်းသင့်သလဲဆိုတာလေးတွေသိရင်ပိုကောင်းတာပေါ့နော် အဝေးရောက်နေတဲ့သူငယ်ချင်းတွေအတွက်ပိုပြီးအသုံးတည့်မယ်ထင်တယ် ဆောင်ထားလိုက်တာမမှားဘူးနော်
ဖိုင်ဆိုက်ကလဲ မများဘူး 12.9 MB ပဲရှိတယ်လိုအပ်ရင်ဒေါင်းလိုက်ပါ။

ဒေါင်းလုပ်ဆွဲရန် download

Thursday, April 19, 2012

The Lady video

The Lady ရုပ်၇ှင်ဇာတ်ကားကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ရိုက်ထားတာလို့သိရပါတယ် သရုပ်ဆောင်ကလဲကောင်းတယ်ဗျာ သူတို့လဲ တက်နိုင်သလောက်တူအောက်လုပ်ထားပါတယ် ..စိတ်ဝင်စားလို့ကြည့်ချင်တယ်ဆိုရင်ကြည့်လို့ရအောင် မူ၇င်းလင့်လေးကို တင်ပေးလိုက်ပါတယ်။

http://www.youtube.com/watch?v=EfQZ_reK86I&feature=relmfu

Tuesday, April 17, 2012

Apple macbook Lion skin park for windows 7

ဒါလေးကတော့ apple ဝါသနာ၇ှင်တွေအတွက်ပါ screen ပေါ်က ဒီဇိုင်းလေးတွေကို apple macbook လိုစတိုင်မျိုးလေးသုံးလို့ တယ်။ skin လေးတွေကိုလဲပြောင်းသွားတယ် windows တစ်ခုလုံးကိုပြောင်းသွားတာနော် ။windows စတက်လာရင်လဲ apple စတိုင်လေးနဲ့ပဲနော် ညွန်းနေတာ ကျွှန်တော်လဲ apple ပရိတ်သတ်ပါ windows  7 32 bit အတွက်ပဲနော် နောက်မှ xp သမားတွေအတွက်တင်ပေမယ်ဗျာ ဖိုင်ဆိုက်ကတော့ 58 MB ပဲရှိတယ် ဒေါင်းလုပ်လင့်လေးတွေမသေခင်ဆွဲလိုက်ကြနော်...။လုပ်ပုံလုပ်နည်းတွေကိုတော့ ပြောတော့ဘူးနော်

ဒေါင်းလုပ်ဆွဲရန် download

internet သုံးသူများရှောင်ရန်ဆောင်ရန်လေးများ

internet အသုံးပြုသူများအတွက်ေ၇ှာင်ရန်ဆောင်ရန်လေးပါ အသုံးဝင်မယ်လို့ထင်ပါတယ် မိမိ computer ကို internet နဲ့ အမြဲတမ်းချိတ်ထားတဲ့သူတွေအတွက် သိထားသင့်တယ်လို့ ထင်ပါတယ် ကျွှန်တော်ကိုတိုင်လဲ လေ့လာရင်း မျှဝေလိုက်တာပါ...လိုအပ်ရင်တော့ အောက်မှာ PDF ဖိုင်လေးကို တင်ပေးထားတယ်နော်။

ဒေါင်းလုပ်ဆွဲရန် download

အင်္ဂလိပ်-မြန်မာ dictionary

အင်္ဂလိပ်မြန်မာ -မြန်မာကနေအင်္ဂလိပ် အဆင်ပြေသလိုလုပ်ပါ အဘိဓာန်တော်တော်များများကိုထည့်ထားလို့ အဆင်ပြေတယ်ဗျာ လိုအပ်ရင်တော့ယူလိုက်ပါ။
ဒေါင်းလုပ်ဆွဲရန် download

icare data recovery software

ဒါလေးကတော့မိတ်ဆွေတို့မှာရှိတဲ့ file ,music, video,photo, ကိုမှားဖျက်မိရင်ပဲဖြစ်ဖြစ် format ချလိုက်မိလို့ပဲဖြစ်ဖြစ် ပြန်ရှာပေးမဲ့software လေးပါနော် ဖျက်မိတဲ့ memory stick ပဲဖြစ်ဖြစ် hard disk ထဲမှာဖြစ်ဖြစ် ပြန်ပြီးတော့ data recovery လုပ်ပေးမဲ့ software လေးပါ အရမ်းမိုက်တယ် ဒါကိုသိထားရင်တော့ အရေးကြီးတဲ့ data တွေမဆုံးရှုံးတော့ဘူးပေါဗျာ...လိုအပ်၇င်တော့ ယူသွားလိုက်ပါ။

ဒေါင်းလုပ်ဆွဲရန် download

Saturday, April 14, 2012

အင်တာနက် အသုံးပြုနည်း

အင်တာနက် အသုံးပြုနည်းစာအုပ်လေး ကိုပြန်မျှဝေလိုက်ပါတယ် အဲ့အထဲမှာ website အကြောင်းတွေ ရှာပုံရှာနည်းတွေ blogေ၇းနည်းတွေ လဲပါတယ် လေ့လာခါစ သူငယ်ချင်းတွေရော လိုအပ်တဲ့သူ တွေရော ရှိနေတယ် ထင်လို့ မျှလိုက်ပါတယ် အော်ကမှ PDF ဖိုင်လေးကို ဒေါင်းလိုက်နော် .....။

ဒေါင်းလုပ်ဆွဲရန် download

Thursday, March 29, 2012

နိုင်ငံရေးဖြစ်စဉ်နှင့်နိုင်ငံရေးလှူပ်ရှားမှူ့

နိင်ငံေ၇းသမားလဲမဟုတ်ပါဘူးနိုင်ငံရေးလုပ်တာလဲမဟုတ်ဘူး ဒါပေမဲ့ကိုနိုင်ငံမှာ ဘယ်အချိန်က ဘာတွေဖြစ်ခဲ့တယ် ဘာကြောင့်ဖြစ်တယ် ဆိုတာလေးတွေကို စိတ်ဝင်စားလို့ဖက်ကြည့်ရင်း ကျွှန်တော်လို့ဖက်ချင်သူတွေလဲ ဖက်လို့ ရအောင်တင်ပေးလိုက်ပါတယ် ။ အောက်မှာ ဒေါင်းလုပ်ဆွဲလိုက်ပါခင်ဗျာ....



ဦးနု (ဘာသာပြန်) တာတေ စနေသား

ဦးနု(ဘာသာပြန်)စာအုပ်တွေဆို ကျွှန်တော်အရမ်းကြိုက်တယ်ဗျာ  အခုလဲကျွှန်တော်လိုအကြိုက်ချင်းတူတဲ့ သူများဖက်လို့ ရအောင် တင်ပေးလိုက်တာပါ အရမ်ကောင်းတယ်လို့တော့ မညွန်းချင်ဘူး ဖက်ကြည့်လိုက်ပါလို့ပဲပြောပါရစေ ဖက်ချင်တဲ့သူများ အောက်တွင် PDF file လေးနဲ့တင်ပေးထားပါတယ်။
အဆင်မပြေတာရှိ၇င် cboxမှာ ရေးသွားနိုင်ပါတယ်ခင်ဗျာ။


Tuesday, March 20, 2012

USB VIRUS SCAN

virus တွေမိမိတို့စက်တွေထဲကိုအဓိကကတော့ USBတွေကနေတဆင့်ဝင်ရောက်နိုင်ပါတယ် အဲ့ဒါကြောင့်ကျွှန်တော် USB တွေမှလာတဲ့ virus တွေရန်ကနေ လွတ်အောင် USB  security လေးတင်ပေးလိုက်ပါတယ် သူကတော့နောက်ဆုံးထွက်တဲ့ update လေးပါ သုံးလို့အဆင်ပြေအောင် key လေးပါတစ်ခါတည်း ထည့်ပေးထားပါတယ်။ လိုချင်တဲ့သူငယ်ချင်းများအောက်မှာဒေါင်းလိုက်ပါ ။

download link

kasparsky intivirus

ဒီနေ့တော့အားနေတာနဲ့ ကိုလဲသုံးနေတယ် သူများတွေလဲသုံးလို့ရအောင်ဆိုပြီး antivirus kaspersky  progam လေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ ဒီကောင်ကိုဝယ်သုံး၇င်တစ်နှစ်စာကို 700 B ပေးရပါတယ်
အခုကျွှန်တော်ဆီမှာရှိတာကတော့ တစ်နှစ်တော့မကျန်တော့ဘူးပေါ့ဗျာ 91 စာတော့ကျန်သေးတယ် သုံးလလောက်သုံးလို့လဲနည်းတာမှတ်လို့ မိမိတို့စက်ထဲကို virus တွေရန်ကနေကာကွယ်ပေးပါတယ်။အသုံးပြုရတာလွယ်ပါတယ်ဒီကောင်လေးကို စက်ထဲကိုrunလိုက်ပါပြီးရင်ကီးတောင်းမယ် ကျွှန်တော်ကီးလေးပါထည့်ပေးထားပါတယ် ထည့်ပြီးရင် internet
နဲ့ချိတ်ဆက်ပြီး update လုပ်ပေးလိုက်ပါ 100% ပြည့်သွားပြီဆိုရင်တော့သုံးလို့ရသွားပါပြီစတင်ပြီးvirus တွေကိုနိမ်နင်းပါတော့မယ်။ရှိပြီးသားသူတွေသိပြီးသား
သူတွေအတွက်တော့ sorry ပါ မရှိသေးလို့စိတ် ဝင်စားတယ်ဆိုရင်အောက်မှာ download link လေးပေးထားပါတယ် ဖိုင်ဆိုက်ကလဲသိပ်မများဘူး 76 MB ပဲရှိတယ်။

download link

Saturday, March 17, 2012

ဒါလေးကတော့ အပျော်တမ်း key board တီးချင်သူများအတွက်ပါ မိမိစက်ထဲမှာလဲထည့်စရာမလိုဘူး ရောက်တဲ့နေရာမှာ တီးလို့ရတယ် internet ရှိဖိုတော့လိုမယ်နော် ဒီအောက်ကလင့်လေးကို click လိုက်ပါ အပေါ်ကပုံစံလေးအတိုင်းပေါ်လာပြီးဆိုရင် dubelclick နှိပ်ပြီးဖွင့်လိုက် ပြီးရင်ကိုကြိုက်တဲ့သံဇဉ်လေးတွေ ပြောင်းပြီး တီးလို့ရတယ် အပျော်ပေါ့ 

keyboard တီးရန်

Thursday, March 15, 2012

ccleaner

ဒါလေးကတော့ မိတ်ဆွေတို့ရဲ့စက်ထဲက အမှိုက်တွေကို တိကျသေချာစွာရှင်းချင်တယ်ဆိုရင်တော့ ဟဲဟဲဒါလေးကိုဆောင်ထားလိုက် ကျွှန်တော်လဲလက်ရှိသုံးနေပါတယ်( ကောင်းပါတယ်)ဟဲဟဲကိုဟာကိုထောက်ခံနေတယ် ပြောနေတာကြာတယ်
လိုချင်ရင်တော့ ဆွဲလိုက်နော် ဒေါင်းလုပ်ပြောတာ အောက်ကလင့်လေးမှာနော်။

download လုပ်ရန်

winamp pro player

ဒါလေးကတော့အားလုံးသိကြတဲ့အတိုင်း မိမိစက်မှာ သီချင်းတွေဖွင့်မယ် ဗီဒီယိုတွေဖွင့်မယ်ဆိုရင် လိုအပ်တဲ့
softwareလေးပါ သူကတော format တော်တော်များများကို ဖွင့်လို့ရပါတယ် တချို player တွေဆိုရင် internet ကဒေါင်းထားတဲ့သူချင်းတွေကို ဖွင့်မရတာမျိုးကြုံဘူးကြမှာပါ ဒီကောင်လေးနဲ့ဆိုရင် အဆင်ပြေပါတယ် ရှိပြီးသားသူတွေအတွက်sorry မရှိသေးရင်တော့ အောက်ကလင့်လေးမှာဒေါင်းသွားလိုက်နော်။

download လုပ်ရန်

Wednesday, March 7, 2012

AntiVirus Norton antispyware 2011

2011 ထုပ်တဲ့ virus progam လေးပါ သုံးရတာအဆင်ပြေပါတယ် ရက်ပေါင်3း60 free ရတယ်နော် အဲ့ဒါလေးကို
install လုပ်လိုက်ပါ ပြီးရင် သူဖောင်လေးကျလာပါမယ် အဲ့ဒီမှာမိမိရဲ့ email ,fast name ,last name ,country အဲ့ဒါလေးတွေကိုတော့ဖြည့်ပေးလိုက်ပါ install လုပ်တဲ့အချိန်မှာ internet တော့ချိတ်ထားဖို့လိုပါမယ်..

download link

Thursday, February 23, 2012

virus အကြောင်းသိကောင်းစ၇ာ

ဒီစာအုပ်လေးကတော့ ဗိုင်း၇ပ်အကြောင်းတွေနဲ့ ဗိုင်းရပ်ပြသာနာတွေကိုဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုရေထားတဲ့စာအုပ်လေးပါ ကွန်ပြူတာကိုစကိုင်ပြီး ဗိုင်းရပ်တွေရဲ့တိုက်ခိုက်မူဒဏ်ကို ခံနေကြရတဲ့သူ ငယ်ချုင်းတွေအတွက်ပါ ဒီစာအုပ်ကိုကျွှန်တော်ရန်ကုန်သွား
တုန်းက ဝယ်ဘူးတယ် သူငယ်ချင်းတယောက်ကိုလက်ဆောင်ပေးခဲ့တယ် ဘာလက်ဆောင်ပေးရမှန်းမသိတာနဲ့ နည်းပညာဝါသနာ
တူတွေမို့ ဒီစာအုပ်လေးလေ့လာသင့်တယ်ထင်လို့ လက်ဆောင်အဖြစ်ဝယ်ပေးခဲ့တယ် သူအရမ်းသဘောကျတယ် မြန်မာငွေ 3000 
ပေးရတယ်ဗျာ အခုတော့ ဝယ်စရာမလိုတော့ဘူး ဒီစာအုပ်လေးကို ကျွှန်တော်ကိုတိုင် scan ဖက်ပြီးတင်ထားတာမဟုတ်ပါဘူး 
နည်းပညာတွေကိုမျှဝေနေတဲ့သူတွေစီကနေတဆင့် ကူးယူဖော်ပြပေးလိုက်ရတာပါ ကျွှန်တော်လိုဘာမှမသိသေးတဲ့ သူတွေအတွက် 
ကူးယူဖော်ပြမိတာကိုလဲ နားလည်ပေးစေချင်ပါတယ်ခင်ဗျာ..အလိုရှိသူများ အောက်မှာ ဒေါင်းလိုက်ပါခင်ဗျာ။
 
 
 downloads

Tuesday, February 14, 2012

= Adobe.Creative.Suite.5.Master.Collection keygen

adoble photoshot cs 4 and cs 5
အတွက်ပါ ရတယ်နော် လိုအပ်ရင်ယူလိုက်ပါဗျာ
 download

Saturday, February 4, 2012

IDM download manger

လိုအပ်ရင်ယူလိုက်ပါ ရှာနေစရာမလိုတော့ဘုးပေါ့

download

lion skin လေးပါ macbook လိုမျိုး သုံးချင်ချင်တဲ့သူတွေအတွက်

မိမိcomputer ကိုအလှဆင်ချင်တဲ့သူတွေအတွက် lion skin လေးပါ apple ကထုပ်တဲ့ macbook စတိုင်လေးနော် ကျွှန်တော်ကတော့ကြိုက်တယ် ကြိုက်တဲ့သူတွေအတွက်ပြန်ရှယ်ပေးလိုက်ပါတယ်
download 

Saturday, January 28, 2012

music online

သီချင်းအသစ်လေးတွေကိုမှနားထောင်ချင်တဲ့သူတွေအတွက် အမြဲတမ်း music update လေးပါ လိုချင်တဲ့သီချင်းတွေအကုန်ရှိတယ်ဗျာ သီချင်းလေးတွေကိုစိတ်ဝင်စားတဲ့သူတွေကတော့ ဒီလင့်လေးမှာ click 
လိုက်ပါ ပြောရအုံးမယ် သီချင်းတေါတင်မဟုတ်ဘူး video ,chatroom,freegame ,အကုန်ရှိတယ်

Friday, January 27, 2012

free express burn disc burning

mp 3 ,pm 4  တွေပြောင်းပြီးအခွေထုပ်ချင်တဲ့သူတွေ nero ကို မသုံးပဲ အသုံးပြုရတာလဲလွယ်တယ် ဖိုင်ဆိုက်လဲ သေးတဲ့ 
CD BURN DISC လေးကိုတင်ပေးလိုက်ပါတယ် သုံးရတာလွယ်ပါတယ် နဲနဲပါးပါးကလိလိုက်ရင်သိသွားမှာပါ ပြောနေတာကြာပါတယ်
လုပ်ကြည့်လိုက်ပါ   ဖိုင်ဆိုက်က 640 kb ပဲရှိတယ်လိုချင်တဲ့သူတွေ ဒီလင့် လေးကိုCLICK လိုက်ပါ 

Friday, January 20, 2012

အခုတင်ပေးမှာကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့နှစ်(20) ပြည့်အထိမ်းအမှတ် THE LADY

The Lady ရုပ်ရှင်ကြောင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို အများက ပိုသိလာကြမယ်လို့ မျှော်လင့်ကြောင်း ရုပ်ရှင်သရုပ်ဆောင် မစ်ရှယ်လ် ပြောပါတယ်။ 
ဒီလင့်လေးမှာဒေါင်းလိုက်ပါ  

Wednesday, January 18, 2012

PHOTOSHOT CS 5

အားလုံးပဲ download ဆွဲရတာအဆင်ပြေသွားအောင် ကျွှန်တော် အပိုင်းလေးတွေနဲ့ခွဲပြီးတင်ပေးထားပါတယ်
part1
part2
part3
part4
part5
part6
part7
part8
part9
part10
part11
part12
part13
part14
အဆင်ပြေအောင်တော့လုပ်ပေးထားပါတယ်အပိုင်းလိုက်ဒေါင်းလိုက်ပါ ပြီးရင် new file တခုလုပ်ပြီးရှိထားတဲ့
အပိုင်းလေးတွေကို ကူးထည့်လိုက်ပါ ပြီးရင်ပထမဆုံးအပိုင်းကိုစပြီးclick လိုက်ပါအထဲမှာfile လေးတဖိုင်ရမယ်အဲ့ဒါလေးကိုဖွင့်ပြီး run လိုက်ပါ ကျန်တဲ့အပိုင်းတွေကိုဖွင့်စရာမလိုတော့ဘာဘူး လုပ်ပုံလေးကိုတော့ နောက်မှအသေးစိတ်ပုံလေးတွေနဲ့ရှင်းပြမယ်နော်။

Thursday, January 12, 2012

တရားတော်များစုစည်းမူ

မိတ်ဆွေတွေကို တရားဓမ္မလေးတွေမျှဝေပေးချင်လို့ပါhttp://dhammaceti.org/tayartaw.htm အဲ့ဒီလင့်လေးကို click လိုက်ပါ

Wednesday, January 11, 2012

အခုတင်ပေးမှာကတော့ windows 7 manger လေးပါ

windows 7 manger လေးကတော့ မိမိ computer ကိုလိုအပ်သလို ပြုပြင်လို့ရတယ် လိုသလိုသုံးပေါ့ဗျာ
နောက်ဆုံးဗျာ သန့်ရှင်းလုပ်တာလေးနဲ့ကို တန်နေပြီ လိုအပ်ရင်တော့ အောက်မှာဒေါင်းလိုက်ပါ full version
 ဖြစ်အောင်ကျွှန်တော် key လေးပါတခါတည်းထည့်ပေးထားပါတယ်ခင်ဗျာ..လိုအပ်ရင်အောက်မှာ download ဆွဲလိုက်ပါ ခင်ဗျာ
download file;http://www.mediafire.com/?w6e5veey2l29p7h

webcam လေးပါသူငယ်ချင်းတယောက်တောင်းထားလို့တင်ပေးလိုက်ပါတယ်

သုံးရတာလွယ်ပါတယ် အထဲမှာkey လေးပါတခါတည်းထည့်ပေးထားပါတယ်
အောက်ကလင့်လေးမှာဒေါင်းလိုက်ပါနော်
mediafire

Tuesday, January 10, 2012

မြန်မာဖောင့်မ၇ှိတဲ့သူငယ်ချင်းတွေအတွက် zawgyi fount လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ

သူထဲမှာ windows 32bit, 64bit ရောသုံးလို့ရအောင်ထည့်ပေးထားပါတယ်ခင်ဗျာ...
အသုံးပြုရတာလဲ လွယ်ပါတယ် အသုံးပြုနည်းလေးကိုပါထည့်ပေးထားပါတယ်.
အောက်ကlink လေးမှာdownload ဆွဲလိုက်ပါနော်
mediafile

အခွေတွေထုတ်မယ် ကူးမယ်အားလုံး လိုသလိုသုံးပေါ့

သုံးပိုင်းခွဲပြီးတင်ပေးထားတယ် သုံးပိုင်းလုံးကိုဒေါင်းလိုက်ပါ ပြီးရင်ပထမဆုံးကူးထားတဲ့ဖိုင်ကနေစပြီးဖြေလိုက်ပါ...
mederfire
mederfile
mederfile